အကြိမ် (၂၀) မြောက် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲတွင် မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ဂျပန်နိုင်ငံတွင် ကော်ဖီဆိုင်များ ဖွင့်လှစ်ထားသည့် “အောင်”ကော်ဖီတို့ ပါဝင်ပြသ

0
299

ဂျပန်နိုင်ငံ၌ Specialty Coffee Association of Japan မှကြီးမှူးကျင်းပသည့် အကြိမ် (၂၀) မြောက် ကမ္ဘာ့အထူးတန်းဝင်ကော်ဖီပြပွဲတွင် မြန်မာနိုင်ငံကော်ဖီအသင်းနှင့်ဂျပန်နိုင်ငံတွင် ကော်ဖီဆိုင်များဖွင့်လှစ်ထားသည့် “အောင်”ကော်ဖီတို့မှ ပြခန်းများဖွင့်လှစ်၍ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့အထူးတန်းဝင်ကော်ဖီပြပွဲနှင့် ညီလာခံဖွင့်ပွဲအား စက်တင်ဘာ (၂၇) ရက် နံနက်ပိုင်းက Tokyo International Exhibition Center ၌ ကျင်းပရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

သံအမတ်ကြီးဦးစိုးဟန်မှ ပြပွဲတွင်ပါဝင်ပြသလျက်ရှိသည့် မြန်မာနိုင်ငံကော်ဖီအသင်းမှ အသင်းဝင်လုပ်ငန်းရှင်များ၏ ပြခန်းနှင့်မြန်မာ နိုင်ငံမှ ကော်ဖီစေ့များတင်သွင်းကာ ဂျပန်နိုင်ငံတွင် အထူးတန်းဝင်ကော်ဖီဆိုင်များဖွင့်လှစ်ရောင်းချလျက်ရှိသည့် “အောင်”ကော်ဖီ၏ ပြခန်းတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အထူးတန်းဝင်ကော်ဖီပြပွဲနှင့် ညီလာခံသည် အာရှတွင်အကြီးဆုံးကော်ဖီပြပွဲဖြစ်ကာ ၂၀၀၃ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခု အကြိမ် (၂၀) မြောက်ပြပွဲအား စက်တင်ဘာ (၂၇) ရက်မှ (၃၀) ရက်အထိ နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၄၀၀) နီးပါးမှ ပြခန်းများဖွင့်လှစ် ပြလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here