နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရန် ဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

0
1239

ကုန်ဈေးနှုန်း ကျဆင်ရေး ကြိုးပမ်းနေသည့်အပြင် နိုင်ငံဝန် ထမ်းများအား ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

စက်တင်ဘာ (၂၉) ရက် မွန်းလွဲပိုင်းက ကျင်းပသည့် ပြည် ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကုန်ဈေးနှုန်းတွေကျဆင်းစေဖို့ စနစ်တကျ ကြပ်မတ်ဆော င်ရွက်နေပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေတွေ ပိုမိုပေးအပ်နိုင်ဖို့ စဉ်းစားဆောင်ရွက်နေပြီးတော့ မကြာမီမှာ ထုတ်ပြန်ပေးသွားပါ့မယ်”ဟု နစက ဥက္ကဋ္ဌက ပြောသ ည်။

ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အ လေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့မှုများကိုလည်း ပိုမို ပေးအပ်ထားကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေသည့် နိုင်ငံ သားများမှ ပြန်လည်ပေးပို့သည့် ငွေကြေးများသည်လည်း နိုင်ငံ၏ ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေ၍ ၎င်းတို့အတွက် ပိုမိုအကျိုးခံစားခွင့်များရရှိရန်လည်း စီမံဆောင် ရွက်လျက်ရှိ ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အတူ ဘဏ္ဍာငွေများအား မလိုလားအပ်သည့်နေရာများတွင် အပိုကုန်ကျမှုမရှိအောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံမှုများကို အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြည်သူ့အ ကျိုး ပြုလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

ဝန်ကြီးဌာနအလိုက်လုပ်ငန်းများ တိုးတက်အောင် မြင်မှုရှိစေရန် အပြန်အလှန်စိစစ်၍ ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျထိထိရောက်ရောက် ဆောင်ရွက်ကာ အလုပ်ဖြင့်သက်သေပြကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here