လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့် ပါရမီလမ်းဆုံအနီးတွင် ယာဉ်တိုက်မှူဖြစ်ပွား အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရ

0
228

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့် ပါရမီလမ်းဆုံအနီးတွင် ယာဉ်တိုက်မှူ တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ (၂၉) ရက် (၆) နာရီ (၄၅) မိနစ် အချိန်ခန့်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့် ပါရမီလမ်းဆုံအနီးတွင် ယာဉ်တိုက်မှူဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းများမှ သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။

“ယာဉ်တိုက်မှူဖြစ်ပြီး လူညပ်နေတယ် သတင်းရလို့ 191 ထွက်ခွာပြီး ထိခိုက်ဒဏ်ရာရ အမျိုးသားကို မြတ်ကုသိုလ်ပရဟိတအသင်း Ambulance ဖြင့် ကုတင် ၅၀၀ ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။”ဟု သွားရောက်ကူညီခဲ့သည့် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းအရ သွားရောက်ကူညီရာ ထိခိုက်ဒဏ်ရာရ အမျိုးသားအား မြတ်ကုသိုလ်ပရဟိတအသင်း Ambulance ဖြင့် ကုတင် (၅၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here