လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ကိန်းဂဏန်းအချက်အလက်များမှာ တန်ဖိုးရှိသည့်အတွက် မှန်မှန်ကန်ကန် ရရှိရန်လိုအပ်

0
233

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အချက်အလက်များဖြစ်ပြီး တန်ဖိုးရှိသည့် ကိန်းဂဏန်း အချက်အလက်များဖြစ်၍ မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောဆိုလိုက်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၂၈)ရက်က ကျင်းပရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များဖြစ်၍ တန်ဖိုးရှိသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်၍ မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ယခင် ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ကာ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးအနေဖြင့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအဆင့် အလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ သုံးသပ်ဆွေးနွေးကာ လုပ်ငန်းလျာထားချက်များ၊ လိုအပ်ချက်များအား တင်ပြပေးစေလိုကြောင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆက်လက် ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအမံများအား Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးက ပဲခူးမြို့နယ်အတွင်း စာရင်းကောက်ယူသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ပဲခူးမြို့နယ်၌ စာရင်းကောက်ကွက်(၅)ခုတွင် အိမ်ထောင်စု (၂၂၆၃) စု၊ လူဦးရေ (၁၀၃၂၀) ဦးနှင့် ပေါင်းတည်မြို့နယ်၌ စာရင်းကောက်ကွက် (၄) ခုတွင် အိမ်ထောင်စု (၄၇၇) စု၊ လူဦးရေ (၁၇၉၀) ဦးတို့အား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here