၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များရုတ်သိမ်းသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟု နစက ထုတ်ပြန်

0
399

မြန်မာနိုင်ငံအတွင်းလက်ရှိသုံးစွဲလျက်ရှိသည့် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များအား ရုတ်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ဗဟိုဘဏ်မှထုတ်ပြန်သည်ဟုထွက်ပေါ်နေသည့်ထုတ်ပြန်ချက်မှာ သတင်းအမှားသာဖြစ်သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်း ထုတ်ပြန်ချက်အတု၌ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်များအား စက်တင်ဘာ ၂၉ ရက်နံနက် ၆ နာရီမှစတင်၍ ရုတ်သိမ်းလိုက်သည်ဟု ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၃)ဖြင့် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၄၁ တို့အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here