မြန်မာနိုင်ငံတွင် သရက္ခန်ဘုရား ငါးဆူ ရှိ၏။ မကွေးတိုင်း ပခုက္ကူနှင့် ရေစကြိုကြား ရှင်မတောင်ဘုရား၊ ရေစကြိုမြို့နယ်၊ ပခန်း မြို့ဟောင်းရှိ စည်သူရှင်ဘုရား၊ ပခုက္ကူ ဆင် ကြို့အနီးရှိ ဆင်ကြို့ဘုရား၊ ပခုက္ကူမြို့အဝင်ရှိ ရွှေတန့်တစ်ဘုရားနှင့် သပိတ်ကျင်းမြို့နယ်ရှိ အညာသီဟေ တာဘုရား တို့ဖြစ်လေ၏။ ကောဇာသက္ကရာဇ် ၄၅၄ ခုနှစ်တွင် မင်းပြု သော အလောင်းစည်သူမင်းသည် တိုင်းခန်း လှည့်လည်ရင်း ကျွန်း ဦးဇမ္ဗုသပြေပင်သို့ ရောက်ရှိရာ ပင်ခြေအောက်၌ ခင်းထားသော ပုလဲကျောက်ဖျာကို ကိုးကွယ်ရန် အလိုရှိလေ သော်လည်း အရိမေတ္တေ ယျဘုရားအတွက် ခင်းထားကြောင်း သိကြားမင်းက လျှောက် ထား၏။ သိကြားမင်းလည်း အလောင်းစည်သူ မင်း ကိုးကွယ်ရန် ပုလဲအေ ရာင်ရှိသော ကျောက်ကို ဘုရားရုပ်တု ကိုးကွယ်တော်မူ ရန်အပ်၏။ မင်းကြီးမှ သန့်ရှင်းဖြူစင်သည် ဟုဆိုသဖြင့် ရှင်ဖြူဘုရားတွင်၏။
သိကြားမင်းသည် ဇမ္ဗုသပြေငုတ်ကို တန်ခိုးဖြင့် ဖြတ်၍ ဘုရားရုပ်တု အပ်ပြန်သော် လှပေသည်ဟုဆိုသဖြင့် ရှင်လှဘုရားတွင် လေ၏။ အလောင်းစည်သူမင်းသည် မြင်း မိုရ်တောင်သို့ သွားလိုသော်လည်း သိကြား မင်းတားမြစ်၍ ဆန္ဒတော်ပျက်လေ၏။
သိကြားမင်းလည်း မြင်းမိုရ်တောင်ရှိ သရက္ခန် အနှစ်တုံးနှင့် ဓာတ်တော်တို့အား အပ်ရာ ရွှေခွက်ဖြင့် ခံလေ၏။ ထို့နောက် လက်လေး ဆစ်ခန့်စီ သရက္ခန်ဘုရား ငါးဆူထုဆစ်၍ မင်းကြီးသို့အပ်၏။ မင်းကြီးမှ ဥာဏ်တော်နိမ့်ရ ကား ငယ်လှသည်ဆိုလေ၏။ ထိုအခါ သိကြာ မင်းနှင့် ဝိသကြုံနတ်မင်းတို့က ဇမ္ဗု သပြေသားကို ဥာဏ်တော် တစ်တောင်ခန့်မျှစီ ဘုရား ငါးဆူထုလေ၏။ ပဉ္စမဘုရားမှာ လက်ယာေ မာင်းတော်အသားမလောက်၍ ဗောဓိသားကိုစပ်၍ သပြေရုပ်တု ငါးဆူ ရှိ လေ၏။ ပြီးနောက် ဇမ္ဗုသပြေရုပ်တု အသီး သီး၌ သရက္ခန်တစ် ဆူစီနှင့် ဓာတ်တော်နှစ်ဆူစီ ဌာပနာတိုက်သွင်း၍ မင်းကြီးဆီသို့ အပ်လေ၏။ ထို့နောက် သရက္ခန်၊ သပြေသား၊ ဗောဓိသား အစအနများ ပေါင်းစုကြိတ်ကာ သရိုးနယ်ပြီး ဘုရားထုလုပ်ကာ ဓာတ်တော်နှစ်ဆူ ဌာပနာ တည်သောကြောင့် မြတ်ပေါင်း မဉ္ဇူဘုရားဟု သမုတ်ပြီး မင်းကြီးထံအပ်ပြန်လေ၏။
မင်းကြီးသည် ဘုရားခြောက်ဆူမှာ ပလ္လင်တော် နိမ့်သည်ကို ဆင်ပလ္လင်ခံရသော် ကောင်းမည်ဟု စိတ်ကူးပြီးနောက် ဆင်တစ် ဆယ့် ငါးစီးရှိသော ပထမပလ္လင်တွင် သရက္ခန် ပထမပိုင်းဘုရား၊ ဆင်တစ်ဆယ့်လေးစီးရှိသော ပလ္လင်တွင် ဒုတိယဘုရား၊ ဆင်ဆယ့်သုံးစီး ပလ္လင်တွင် တတိယဘုရား၊ ဆင်တစ်ဆယ့်နှစ်စီး ပလ္လင်တွင် စတုတ္ထဘုရား၊ ဆင်တစ်ဆယ့်တစ်စီး ပလ္လင်တွင် ပဉ္စမဘုရားနှင့် မြတ်ပေါင်း မဉ္ဇူ ဘုရားတို့ကို ကမ္ပည်းတင်စေကာ ပေါက္ကံပြည် သို့ လှေယာဉ်စကြာဖြင့် ပြန်လည်ကြွချီ၏။ ရေစကြိုမြို့နယ် တောင်မကြီး၏ အရှေ့ဘက် ကျွန်းသို့ ဆိုက်ရောက်စခန်းချတော်မူ၏။ ထို့နောက် နတ်တို့ နိမိတ်ပြ၍ သရက္ခန်အမွှေးနံ့လွှတ်သော မြစ်ကွေ့တောင်အင်းကြီး သို့ လှေ စကြာ ဝင်၍ ဆိုက်ရပ်တော်မူပြန်၏။ ထိုအရပ်၌ တဲနန်းဆောက်၍ နေတော်မူ၏။ မင်းကြီး နိမိတ်ပြရာအရပ်ကို ဂူတိုက်တည် ဆောက်မည် ဟု အကြံရှိ၏ သရက္ခန် ပထမ ပိုင်း ရုပ်တုတော်ကို နာဂဗလဆင်တော် ထက် တင်ကာ အဓိဋ္ဌာန်၍လွှတ်လေ၏။
တဲနန်း တော်၏ မြောက်ဘက် တာငါးဆယ်ခန့်အကွာ ဣဒ္ဓိဝိဓတောင်ကုန်းမြေမှာ နှာမောင်းတင်၍ ရပ်၏။ သောတာပန် နတ်ကြီးမှလည်း ကိုယ် ထင်ပြ၍ ဂေါတမဘုရား အောက်ချင်းငှက် ဖြစ်တော်မူသောအခါ နေထိုင်ရာ အရပ်ဖြစ် ကြောင်း ပြောကြားလေ၏။
မင်းကြီးလည်း ဣဒ္ဓိဝိဓတောင်ကုန်းမှာပင် ဂူတိုက် တည်ထား၏။ သက္ကရာဇ် ၄၈ဝ ပြည့် နှစ် နယုန်လဆန်း ၁၂ ရက်နေ့တွင် သရက္ခန် ပထမရုပ်တုတော်ကို လိုဏ်သွင်းပွဲ ကျင်းပ တော်မူပြီး “ငါ့အရှင်သခင်ကိုယ်တော်မြတ်ကြီး လိုဏ်ဂူအတွင်းကိန်းဝပ် သီတင်းသုံးရတော့ မည်” ဟု မင်းကြီးက မိန့်တော်မူသည်ကို အစွဲ ပြု၍ စည်သူသခင်၊ စည်သူအရှင်ဟု ခေါ်တွင် ကြလေ၏။
ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးမား သည့် ပခန်းကြီးမြို့ဟောင်းရှိ စည်သူရှင် သရက္ခန် ဘုရား ဖူးရင်း ပခန်းကြီးမြို့ဟောင်းနှင့် ယဉ် ကျေးမှုပြတိုက်၊ ကျီဝန်မင်း၏ ကျောင်း တော် ကြီး၊ ပခန်းငယ်ရှိ ပခန်းမင်းကြီး ဦးရန်ဝေ၏ ရှေးဟောင်းကျောင်းနှင့် ဘုရား စေတီများပါ ဖူးမြော်ကြည်ညိုနိုင်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
နိုင်ထွန်း(TGI))