ငွေစက္ကူ ၅၀ တန်၊ ၁၀၀ တန်တို့နှင့်ပတ်သက်၍ သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်ပြီးထိရောက်စွာပြစ်ဒဏ်ချမှတ်သွားမည်

0
241

ဗဟိုဘဏ်မှ ငွေစက္ကူ ၅၀ တန်၊ ၁၀၀ တန်တို့အား ရုတ်သိမ်း၍ တရားဝင်ငွေအဖြစ်မှရပ်ဆဲသည်ဟု သတင်းမှားဖြန့်ဝေသူများကို ဖော်ထုတ်ပြီးထိရောက်စွာပြစ်ဒဏ်ချမှတ်သွားမည်ဟု စက်တင်ဘာ ၃၀ ရက်ကထုတ်ပြန်ခဲ့သည်။

၅၀ တန်၊ ၁၀၀ တန်ငွေစက္ကူများအား ရုတ်သိမ်းမည်ဟု စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ဗဟိုဘဏ်မှထုတ်ပြန်သည်ဟု ထုတ်ပြန်ချက်အတုတစ်စောင် လူမှုကွန်ယက်စာမျက်နှာများပေါ်၌ ထွက်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်မှပြန်လည်ရှင်းလင်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ဗဟိုဘဏ်မှ ၅၀ တန်နှင့် ၁၀၀ တန် ငွေစက္ကူများကိုရုပ်သိမ်းကြောင်း တရားဝင်ငွေအဖြစ်မှရပ်ဆဲကြောင်းထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆ (င)အရ “နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ်သတ်မှတ်ခြင်းမပြု”ဟု အတိအလင်းဖော်ပြထားပြီးဖြစ်သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အများပြည်သူ အကျိုးစီးပွားကို ထိ ခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူ၍ ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here