ပြည်တွင်း သကြားဈေး အနည်းငယ်ပြန်ကျလာ

0
171

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအထိ ပြည်တွင်း သကြားဈေးမြင့်တက်နေရာမှ ယခုစက်တင်ဘာလတွင် အနည်းငယ် ပြန်လည်ကျဆင်းသွားကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် ရန်ကုန်ဘုရင်နောင်ကုန်စည်ဒိုင်စျေးကွက်တွင် သကြားတစ်ပိဿာ (၃၅၈၀) ကျပ်မှ (၃၆၀၀) ကျပ်သာရှိတော့ပြီး ယခင်လကထက် တစ်ပိဿာလျင် (၅၀) ကျပ်မှ (၁၀၀) ဝန်းကျင် ထပ်မံကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လကုန်ပိုင်းတွင် သကြားတစ်ပိဿာ (၃၇၀၀) ကျပ်မှ (၃၇၂၀) ကျပ်အထိ အမြင့်ဆုံးစျေးတန်းဖြစ်ခဲ့ပြီး ယင်းနောက်စက်တင်ဘာလဆန်းတွင် တစ်ပိဿာ (၃၆၂၀) မှ (၃၆၅၀) ကျပ်သို့ ကျဆင်းခဲ့ရာမှ ယခု ဆက်လက်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီမှာ နှစ်စဉ် ဒီဇင်ဘာလမှ စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိပြီးတစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် လေးသိန်းခန့် ထွက်ရှိကြောင်း သိရသည်။

ကြံကို စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။

လာမည့် ကြံရာသီတွင် ကြံတစ်တန်ကို စက်ရုံအရောက်စျေး ၁၀၀၀၀၀ ကျော်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သကြားစက်ရုံအချို့က ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here