(၅၅) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ် ၆ ဒသမ ၁ ဘီလျံကျော်ရရှိခဲ့

0
308

(၅၅) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေမှာ ကျပ် ၆ ဒသမ ၁ ဘီလျံကျော်ရရှိခဲ့ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားသည်။

(၅၅) ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ည” အက္ခရာအထိ အက္ခရာ ၁၀ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် ၆၁၃,၆၄၀ အုပ်ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၅၅) ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို လာမည့် အောက်တိုဘာ (၁)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ထီလက်မှတ်များရောင်းရငွေ ကျပ် ၆ ဒသမ ၁ ဘီလျံကျော်ထဲမှ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၄ ဒသမ ၃ ဘီလျံနီးပါးကို ထီဆုငွေအဖြစ်ခွဲဝေချီးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

လာမည့် အောက်တိုဘာ (၁) ရက်တွင် ဖွင့်လှစ်သွားမည့် (၅၅) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံး ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆုအပါအဝင်အခြားသော ဆုမဲများပါဝင်ကာ ဘဏ္ဍာသိမ်းရငွေမှ ကျပ်ဆယ်သိန်း သုံးဆု၊ ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၁,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here