နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် NCA လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးတို့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

0
442

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးတို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ NCA လက်မှတ်ရေးထိုးခဲ့သည့် က ရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးအား စက်တင်ဘာ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်တပ်မတော်အရာရှိကြီးများ၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးရာပြည့်တို့တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအ ရုံး(KNU)ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့လည်း တက်ရောက်ကြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here