သာကေတအဝိုင်းပေါ်သို့ အိမ်စီးကား တစ်စီး အရှိန်လွန်ကာ မောင်းတက်မှု ဖြစ်ပွား

0
221

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ သာကေတအဝိုင်းပေါ်သို့ အိမ်စီးကား တစ်စီး အရှိန်လွန်ကာ မောင်းတက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါကားအား သယ်ထုတ်ပေးခဲ့ရကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။

စက်တင်ဘာ (၃၀)ရက်၊ ည (၁၁)နာရီအချိန်ခန့်က သာကေတအဝိုင်းပေါ်သို့ အိမ်စီးကား တစ်စီး အရှိန်လွန်ကာ မောင်းတက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့် တပြေးညီ ထွက်ခွာ ကူညီပေးခဲ့ကြောင်း သိရသည်။

“သာကေတအဝိုင်းပေါ်ကို အိမ်စီးကား တစ်စီး အရှိန်လွန်ပြီး မောင်းတက်မှု ဖြစ်ပွားတာကို ကူညီပေးခဲ့တာပါ။ ယာဉ်မောင်းကတော့ ဒဏ်ရာမရပါဘူး။”ဟု အသင်းက ပြောဆိုထားသည်။

အဆိုပါ ကားအား ပြည်သူများ၊ မိတ်ဖက်ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သယ်ထုတ်ခြင်း၊ အပျက်အစီးများ ရှင်းလင်းပေးခြင်း၊ ယာဉ်လမ်းကြောရှင်းပေးခြင်းတို့ဖြင့် ကူညီပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here