Taxi မောင်းသူတစ်ဦး ကျန်းမာရေးအခြေအနေကြောင့် ကားပေါ်၌သတိလစ်နေ

0
143

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ချော်တွင်းကုန်းမှတ်တိုင်အနီးတွင် Taxi မောင်းသူတစ်ဦး ကျန်းမာရေးအခြေအနေကြောင့် ကားပေါ်တွင်သတိလစ်နေခဲ့မှု စက်တင်ဘာ ၃၀ ရက်ည ၉ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်)မှ သိရသည်။

“ကားပေါ်မှာ ကျန်းမာရေးအခြေအနေကြောင့် သတိလစ်သွားတာ တခြားတိုက်မိတာမရှိပါဘူး သတင်းရတာနဲ့ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ် အသက်(၄၀)ကျော်အရွယ်လောက်ရှိပြီ သူ့မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရတဲ့အတွက် ကားသော့နဲ့ဖုန်းကို မိသားစုဝင်တွေဆီသေချာပြန်အပ်ပေးခဲ့ပါတယ်”ဟု မြန်မာ့ကြယ်ဖြူအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ကားပေါ်တွင်သတိလစ်နေသည့် Taxi ကားမောင်းသူအား မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်)မှ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ကိုလွင်မောင်


LEAVE A REPLY

Please enter your comment!
Please enter your name here