MAI လေကြောင်းမှ ကုန်တင်လေယာဉ်ကို စက်တင်ဘာ (၃၀) ရက်က စတင်ပျံသန်းပြေးဆွဲ

0
299

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှ ကုန်တင်လေယာဉ်ကို စက်တင်ဘာ (၃၀)ရက်က ရန်ကုန် – ဘန်ကောက် ခရီးသို့ စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရသ ည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ကုန်တင်လေယာဉ် Boeing 737-300F လေယာဉ် အမျိုးအစားဖြစ်ပြီး ထုထည်အရွယ်အစားကြီးမားသော ကုန်ပစ္စည်းများနှင့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းအမျိုးအစားအစုံကို ခရီးစဉ်တစ်ခုလျှင် (၁၅) တန် အထိ သယ်ဆောင်ပျံသန်းပြေးဆွဲနိုင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) အနေဖြင့် မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်တွင်း/ပြည်ပ ခရီးစဉ်များ ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ကုန်တင်လေယာဉ် စတင်ပြေးဆွဲခြင်း အခမ်းအနားကို စက်တင်ဘာ (၃၀)ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal – 1 မှာ ကျင်းပရာ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here