ပြင်ဦးလွင်မြို့တွင် EV Taxi ကားဂိတ်ဖွင့်လှစ်ပြီး ပြင်ဦးလွင် – မန္တလေး – မန္တလေးလေယာဉ်ကွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်

0
540

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့တွင် EV Taxi ကား ဂိတ်ဖွင့်လှစ်ကာ ပြင်ဦးလွင်-မန္တလေး- မန္တလေး လေယာဉ်ကွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း Power -27 Business Group of Co.,Ltd တာဝန်ရှိသူ တစ်ဦးက နိုင်ငံပိုင်သတင်းဌာနသို့ ပြောဆိုထားချက်အရ သိရသည်။

အဆိုပါ EV Taxi ပြေးဆွဲခြင်း ခရီးစဉ်ကို Power-27 Busi ness Group of Co.,Ltd က “မင်္ဂလာပါ” အမည်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး EV Taxi Group ဂိတ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၁)ရက် နံနက်ပိုင်းက ပြင်ဦးလွင် ဂိတ်တည်ရှိရာ မန္တလေး-လားရှိုးလမ်းရှိ ဆွမ်းလောင်းသင်းတိုက်ခန်း အမှတ်(၅၊ ၆) တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရန်နှင့် မြို့တော်အင်္ဂါရပ်နှင့် အညီ BYD E-2 (2023) လျှပ်စစ်မော်တော်ယာဉ်သစ်များဖြင့် စနစ်တကျပြေးဆွဲနိုင်ရေး၊ ဒေသခံ လုပ်သားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ခရီးစဉ်တစ်လျှောက် ငြိမ့်ညောင်းသက်သာအဆင်ပြေစွာခရီးသွားလာနိုင်ရေးရည်ရွယ်ပြေးဆွဲခြင်းဖြစ်ကြောင်း Power-27 Business Group of Co.,Ltd တာဝန်ရှိသူက ဆိုသည်။

အဆိုပါ “မင်္ဂလာပါ” EV Taxi Group သည် BYD E-2 Taxi သီးသန့် ၂၀၂၃ မော်ဒယ်ယာဉ်အသစ် (၁၅) စီးဖြင့် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ အသွားခရီးစဉ် တစ်ကြောင်းကို ယာဉ်စီးခ တစ်ဦးလျှင် တစ်သောင်းကျပ်၊ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ အပြန်ခရီးစဉ် တစ်ကြောင်းလျှင် တစ်ဦး တစ်သောင်းကျပ်၊ ပြင်ဦးလွင်မြို့မှ မန္တလေး လေယာဉ်ကွင်းသို့ တစ်စီးလုံးငှားပါက ငါးသောင်းငါးထောင်ကျပ်၊ မန္တလေးမြို့မှ မန္တလေး လေယာဉ်ကွင်းသို့ တစ်စီးလုံးငှားပါက နှစ်သောင်းငါးထောင်ကျပ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

“မင်္ဂလာပါ” EV Taxi ကားဂိတ်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်မှ (၃၁) ရက်အတွင်း ပြင်ဦးလွင်-မန္တလေးခရီးစဉ် တစ်ကြောင်းစီးရုံဖြင့် ၎င်းနေ့အပြန်ခရီးစဉ်ကို အခမဲ့ စီးနင်းလိုက်ပါနိုင်ကြောင်း သိရသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးစဉ်များနှင့်ပတ်သက်၍ “မင်္ဂလာပါ” EV Taxi Group ဂိတ်အား ဆက်သွယ်လိုပါက ပြင်ဦးလွင်ဂိတ်ဖုန်းနံပါတ် – ၀၉ ၄၄၅၀၀၂၀၀၄ ၊ ၀၉ ၉၄၂၂၂၂၃၄၆ ၊ ၀၉ ၉၄၂၂၂၂၃၄၇ နှင့် မန္တလေးဂိတ် – ၀၉ ၄၄၅၀၀၂၀၀၅ ၊ ၊ ၀၉ ၉၄၂၂၂၂၃၄၈၊ ၊ ၀၉ ၉၄၂၂၂၂၃၄၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း “မင်္ဂလာပါ” EV Taxi Group ဂိတ်မှ တာဝန်ရှိသူ တစ်ဦးမှ နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here