မြင်းခြံမြို့ရှိ ကန်ဦးကန်အတွင်း အမျိုးသားတစ်ဦးရေ-နစ်-သေ-ဆုံး

0
303

မန္တလေးတိုင်း၊မြင်းခြံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ကန်ဦးကန်အတွင်း၌ ယနေ့ အောက်တိုဘာ (၁) ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ရေ-နစ်-သေ-ဆုံးသွားခဲ့ကြောင်း မြင်းခြံမြို့န ယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ နံနက် (၁၁)နာရီခွဲ ကျော်ခန့်က မြင်းခြံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ကန်ဦးကန်အတွင်း အမျိုးသားတစ်ဦးရေ-နစ်-ပျောက်-ဆုံးသွားကြောင်း သတင်းအရ မြင်းခြံခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသွားသည့် အသက် (၄၀)နှစ်ခန့်ရှိ အမျိုးသားအား မွန်းတည့် (၁၂) နာရီ (၁၅)မိနစ်၌ သေ-ဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း မြင်းခြံမြို့နယ် မီးသတ်စခန်းမှ သိရသည်။

ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား မြင်းခြံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ နာရေးကူညီမှုအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here