ကျောက်မဲမြို့နယ်တွင် တွဲကားနှင့် ခရီးသည်တင် Hiace ကားတိုက်မိပြီး (၅) ဦးဒဏ်ရာရ

0
129

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာ (၁) ရက် နေ့လယ်ပိုင်းက တွဲကားနှင့် ခရီးသည်တင် Hiace ကားတိုက်မိခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နေ့လယ် (၃) နာရီကျော်ခန့်က ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး၏ စခန်းသာကျေးရွာနှင့် ကျောက်ထုတ်စခန်းကြားတွင် တွဲကားနှင့် ခရီးသည်တင် Hiace ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မျက်နှာချင်းဆိုင် တိုက်မိတာ၊ Hiace ကားခေါင်းပိုင်းကတော့ လုံးဝပျက်စီးသွားတယ်။ တွဲကားကတော့ ပျက်စီးတာရှိပေမယ့် သိပ်မများဘူး။ အခုဒဏ်ရာရတဲ့ လူတွေက Hiace ကားပေါ်ကချည်းပဲ”ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်တင် Hiace ကားပေါ်မှ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၁) ဦးအား ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ကျောက်မဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များ


LEAVE A REPLY

Please enter your comment!
Please enter your name here