ဆံတော်ရှင် မြတ်မော်တင်စေတီ၏ ရင်ပြင်တော်တိုးချဲ့ခြင်းအား လာမည့် ဘုရားပွဲတော်အမီ ပြီးစီးအောင် လူအင်အားစက်ယန္တရားဖြင့် လုပ်ဆောင်ရန် ဝန်ကြီးချုပ်မှာကြား

0
302

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်(ခွဲ)အတွင်းရှိ၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား လာမည့် ဘုရားပွဲတော်ရာသီအမှီ ပြီးစီးစေရေး လူအင်အားစက်ယန္တရားများဖြင့် အင်အားအပြည့်ဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က မှာကြားလိုက်သည်။

ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် စက်တင်ဘာ (၃၀) ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ တံခွန်တိုင်ပြုပြင် ထိန်းသိမ်းခြင်း၊ အထက်ရင်ပြင်တော်နှင့် အောက်ရင်ပြင်အကြားရှိ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ အောက်ရင်ပြင် (-12 to 0) level ကော်လံများ ကွန်ကရစ်လောင်းခြင်း၊ 0 level ကွန်ကရစ် ကျောက်ပုံး ကျောက်ခွက်များ ဆောင်ရွက်နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်း လမ်းဆောင်ရွက်မည့် အခြေအနေများနှင့် မြောက်ဘက်မုခ်ဦးလှေကား ပြင်ဆင်နေမှု၊ရေကန်နံရံများ တည်ဆောက်မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်ရင်ပြင်တိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်စဉ်စေတီတော်ကြီး၏ အပေါ်ရင်ပြင်မြေထိန်းနံရံကြံ့ခိုင်စေရေးအတွက်ပါတစ်ပါတည်းဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရန်၊ လာမည့်ဘုရားပွဲတော်ရာသီအမီ ပြီးစီးစေရေး လူအင်အား စက်ယန္တရားများဖြင့် အင်အားပြည့်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်လည်းဝန်ကြီးချုပ်က မှာကြားခဲ့ပြီး မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here