ရုရှားနိုင်ငံ၌ကျင်းပသည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်းများအား ဗိုလ်ချုပ်ကြီးမောင်မောင်အေးကြည့်ရှု

0
277

ရုရှားနိုင်ငံ၊ Vladivostok မြို့၌ စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိကျင်းပသည့် အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်းပြုလုပ်နေမှုများအား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးတက်ရောက်ကြည့်ရှုခဲ့သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာ ၂၅ ရက်နေ့လည်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့်ရုရှားတပ်မတော်ကွပ်ကဲမှုအဖွဲ့များ၏ လေ့ကျင့်ခန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။

ထို့နောက် စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် မြေပြင်လက်တွေ့လေ့ကျင့်ခန်းပြုလုပ်နေသည့် တပ်ဖွဲ့ဝင်များ၏ ယာယီအခြေချစခန်းအား လေ့လာကြည့်ရှုခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၂၉ ရက်တွင်လည်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် မြေပြင်လက်တွေ့လေ့ကျင့်ခန်းလက်တွေ့ဆောင်ရွက်နေမှုများအား ရုရှားတပ်မတော်မှတာဝန်ရှိသူများ၊နိုင်ငံပေါင်းစုံပါဝင်သည့်တပ်ဖွဲ့ဝင်များ၊လေ့ကျင့်ခန်းသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများ၊မိတ်ဖက်နိုင်ငံများမှကိုယ်စားလှယ်များနှင့်အတူ ကြည့်ရှုအားပေးကာ ပိတ်ပွဲအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ခရီးစဥ်အတွင်း၌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းတွင် ပစိဖိတ်ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်စေရေးနှင့်အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့လေ့ကျင့်ခန်းနှင့်ပတ်သက်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့ပြင် စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင်လည်း အမှတ်(၅၄၃)ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov သို့သွားရောက်လေ့လာရာ တာ ဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအနက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး အမှတ် (၁၉)ရေငုပ်သင်္ဘောတပ်မသို့သွားရောက်၍ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here