တာလေမြို့၌ အသက် (၅၀) ကျော်အရွယ် ညီအစ်ကိုနှစ်ဦးစကားများရန်ဖြစ်ရာမှ ထိခိုက်ဒဏ်ရာများရရှိခဲ့

0
243

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ဝမ်ဆာကျေးရွာတွင် အောက်တိုဘာ (၁) ရက် ည (၇) နာရီကျော်ခန့်က ညီအစ်ကိုနှစ်ဦး စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း လောကပါလ ပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

“ရန်ဖြစ်ပြီး တစ်ယောက်က ခေါင်းမှာ ဒဏ်ရာရပြီး သတိမေ့နေတယ်။ နောက်တစ်ယောက်မှာလည်း ဒဏ်ရာတွေရထားတယ်။ တာဝန်ရှိတဲ့ လူတွေကိုလည်း အကြောင်းကြားပေးခဲ့တယ်။ ခိုက်ရန်ဖြစ်ရတဲ့ အကြောင်းအရာကိုတော့ ကျွန်တော်တို့မသိဘူးဗျ။ နှစ်ယောက်လုံးကတော့ အသက်တွေက(၅၀) ကျော်လောက်ရှိပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအား လောကပါလပရဟိတလူမှု ကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် တာလေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-လောကပါလအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here