ရခိုင်ပြည်နယ် မောင်တောမြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှု စတင်

0
288

၂၀၂၄ ခုနှစ်တွင် လုပ်ဆောင်မည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူမှု၏ ရှေ့ပြေးအစီအစဉ်တစ်ရပ်အနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်လည်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့ ၊ မြို့မအနောက်ရပ်ကွက်ရှိ ကောက်ကွက်တစ်ကွက်တွင် စက်တင်ဘာ (၁) ရက် နံနက်ပိုင်းက စမ်းသပ်သန်းခေါင်းစာရင်း စတင်ကောက်ယူခြင်းကို တစ်အိမ်တက်ဆင်း စတင်ကောက်ယူခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာအုပ်စုများအနက် မြို့မအနောက်ရပ်ကွက် ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်ယူရေး အဖွဲသုံးဖွဲဖြင့် နှစ်ရက်တာကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မင်္ဂလာကြီးကျေးရွာအုပ်စုတွင် ကောက်ကွက် (၅) ကွက်ရှိရာ ကောက်ကွက် တစ်ကွက်တွင် စာရင်းကောက်ယူရေး အဖွဲသုံးဖွဲဖြင့် အောက်တိုဘာ (၃) ရက်မှ (၁၅) ရက်အထိ ကောက်ယူမည့်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စမ်းသပ်သန်းခေါင်းစာရင်းကောက်ယူရေး အဖွဲများအနေဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ကောက်ယူနိုင်ရေး ဌာနဆိုင်ရာများ ပါဝင်သည့် ရပ်ကွက် / ကျေးရွာအုပ်စုကော်မတီများအလိုက် ဖွဲစည်းထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here