လှည်းကူးမြို့နယ်တွင် လမ်းဘေးရေမြောင်းထဲသို့ဆိုင်ကယ်ထိုးကျ၊အမျိုးသား ၂ ဦးသေ-ဆုံး

0
230

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ကျွန်းကုန်းကျေးရွာအနီးတွင် အောက်တိုဘာ ၂ ရက်(ယနေ့)နံနက်ပိုင်းက လမ်းဘေးရေမြောင်းထဲသို့ဆိုင်ကယ်ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းမှ သိရသည်။

ယနေ့နံနက် ၇ နာရီကျော်ခန့်က လှည်းကူးမြို့နယ်၊ကျွန်းကုန်းကျေးရွာအနီးတွင် အမျိုးသား ၂ ဦးမောင်းနှင်လာသောဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိရေမြောင်းထဲသို့ထိုးကျတိမ်းမှောက်ကာ အမျိုးသား ၂ ဦးလုံးမှာ အခင်းဖြစ်ရေမြောင်းအတွင်း၌ သေ-ဆုံးသွားခဲ့ကြောင်း သိရသည်။

“သေ-ဆုံးသူ ၂ ယောက်က အသက်(၄၀)ကျော်နဲ့အသက်(၃၀)ကျော်အရွယ်တွေပါ ရေမြောင်းထဲကိုထိုးကျသွားတော့ ဒဏ်ရာတွေရထားတဲ့အရှိန်နဲ့ချက်ခြင်းမထနိုင်ဘဲ ရေမွန်းသွားတာလည်းပါလိမ့်မယ် ဒဏ်ရာတွေက ၂ ယောက်လုံးမှာအတော်ရထားတယ် ဖြစ်စဥ်အသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့ကပဲသိလိမ့်မယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေ-ဆုံးသူ ၂ ဦး၏ရုပ်အလောင်းများအား ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းမှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ကရုဏာရှင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here