မလေးရှား၌ မြန်မာနိုင်ငံသားတစ်ဦး ငါးဖမ်းပိုက်ကြိုးဖြင့်ရိုက်မိပြီး ပင်လယ်ထဲပြုတ်-ကျ-သေ-ဆုံး၊
ရုပ်အ-လောင်းအား ၆ ရက်အကြာမှတွေ့ရှိ

0
386

မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံသားတစ်ဦး ငါးဖမ်းပိုက်ကြိုးဖြင့်ရိုက်မိ၍ ပင်လယ်ထဲပြုတ်-ကျ-ကာသေ-ဆုံးသွားခဲ့ပြီး ရုပ်အလောင်းအား ၆ ရက်အကြာမှပြန်လည်တွေ့ရှိခဲ့ရကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

မြန်မာနိုင်ငံသား နိုင်ကျော်နိုင်ဦးသည် မလေးရှားနိုင်ငံ၌ မိတ်ဆွေများနှင့်အတူ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်စဥ် စက်တင်ဘာ ၂၀ ရက်က ပင်လယ်ပြင်အတွင်း ပြင်းထန်သည့်လှိုင်းဂယက်ကြောင့် ငါးဖမ်းပိုက်အား အလုပ်သမားတစ်ဦးမှဆွဲတင်စဥ် ငါးဖမ်းစက်လှေမှာတစ်ခြမ်းစောင်းသွားရာမှ ငါးဖမ်းပိုက်ကြိုးဖြင့် နိုင်ကျော်နိုင်ဦးအားရိုက်မိခဲ့ကြောင်း သိရသည်။

ငါးဖမ်းပိုက်ကြိုးဖြင့်ရိုက်မိခဲ့သဖြင့် နိုင်ကျော်နိုင်ဦးသည် ငါးဖမ်းစက်လှေပေါ်မှပင်လယ်ထဲသို့ပြုတ်ကျပြီးရေစီးနှင့်မျောပါသွားခဲ့သဖြင့် ဝိုင်းဝန်းရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည်တွေ့ရှိခဲ့ရခြင်းမရှိကြောင်း သိရသည်။

ထိုသို့ ပျောက်ဆုံးသွားရာမှ စက်တင်ဘာ ၂၆ ရက်တွင် ပင်လယ်ထဲသို့ပြုတ်ကျပျောက်ဆုံးသွားသည့် နိုင်ကျော်နိုင်ဦး၏ရုပ်အလောင်းအား ကွာလာစလန်းကောခရိုင်၊ဆာဗါးဗဒက်နံတွင် ရေစီးနှင့်အတူမျောပါလာသည်ကို မလေးရှား ရဲတပ်ဖွဲ့ဝင်များကတွေ့ရှိခဲ့ရသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် သေ-ဆုံးသူ၏မိသားစုဝင်များမှ ဆေးရုံသို့လာရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရုပ်အလောင်းအား အမြန်ဆုံးသဂြိုလ်နိုင်ရန် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Photo-မြန်မာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here