တိုင်းဒေသကြီးနှင့် ပြည်နယ်အချိုတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနေဦးမည်

0
431

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနေဦးမည်ဖြစ်ပြီး မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အောက်တိုဘာ (၂) ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေမည်ဖြစ်သည်။

ယနေ့ နံနက်ပိုင်း တိုင်းထွာချက်များအရ အောက်တိုဘာ (၃) ရက် မွန်းတည့်ချိန်အထိ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၀) ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရ သိရသည်။

နောက်(၂)ရက်အတွင်း မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်ဖြစ်ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက် နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် နက်ဖြန်မွန်းတည့်ချိန်အထိ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်နှင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက် နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here