၉၂ တစ်လီတာ ၂၁၂၀ ကျပ်အထိ ကျဆင်းလာ

0
232

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဈေးဆက်တိုက်ကျဆင်းလျက်ရှိရာ ယနေ့ အောက်တိုဘာ (၂) ရက်တွင် 92 တစ်လီတာ ၂၁၂၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသ ည်။

ပြီးခဲ့သည့် လများအတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ ပြန်လည်ကျဆင်းလာခြင်းဖြစ်ပြီး အောက်တိုဘာလအစတွင်လည်း ထပ်မံ ဈေးကျဆင်းလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာလတွင် တစ်လီတာ(၂၆၀၀)ကျော် အထိ ဈေးမြင့်တက်ခဲ့သည့် ပရီမီယံဒီဇယ်ဈေးမှာလည်း ယနေ့တွင် (၂၅၀၀)ကျော်အထိ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

ယနေ့အောက်တိုဘာလ (၂) ရက်နေ့ စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ တစ်လီတာ (၂၁၂၀) ကျပ်၊ ၉၅ တစ်လီတာ (၂၂၁၅) ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ (၂၅၄၀)ကျပ်နှင့် ဒီဇယ်တစ်လီတာ (၂၅၈၀)ကျပ် ရှိကြောင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here