လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်း အပါအဝင် လုပ်ငန်းသစ်(၆)ခုအား ခွင့်ပြုပေးခဲ့

0
271

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းသစ်(၆)မျိုးအား အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးမှခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၆) မျိုး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ် လာ ၇၂ ဒသမ ၉၈ သန်းနှင့် မြန်မာငွေကျပ် ၃၁၄၇၃၉ ဒသမ ၁၄၁ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း၂၆၀၀ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်(၆)မျိုးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ် ငန်း၊ စက်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတို့ပါဝင်ကာ ယနေ့ အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈)ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း (၅၂)ခုအနက် ရင်းနှီး မြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ၊တ ရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံများမှ မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၆ ရာခိုင်နှုန်း၊စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခို င်နှုန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here