ငပလီကမ်းခြေသို့ သေ-ဆုံးနေသည့် ကျွဲ၊ နွားများမျောပါရောက်ရှိလာ

0
268

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ငပလီကမ်းခြေသို့ ယနေ့ အောက်တိုဘာ (၂) ရက် နံနက် ၉ နာရီခွဲခန့်က သေ-ဆုံးနေသည့် ကျွဲ၊နွားများ ပင်လယ်ဘက်မှမျောပါရောက်ရှိလာကြောင်း သိရသည်။

“ပင်လယ်ဘက်က မျောလာတာ အများကြီးပဲ။ ပုတ်ပွနေတဲ့အကောင်တွေကြီးပဲ။ တာဝန်ရှိတဲ့ လူတွေကတော့ ဘယ်လိုကြောင့် မျောပါလာလဲဆိုတာကို စုံစမ်းနေကြတယ်။ ကျွန်တော်တို့ စုံစမ်းရသလောက်ဆိုရင် ဒီရက်ထဲ စက်လှေမှောက်တာလည်းမရှိဘူးဗျ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပင်လယ်ဘက်မှ မျောပါလာသည့် သေဆုံးနေသော ကျွဲ၊ နွားများအား သံတွဲမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ဆယ်ယူ၍ စနစ်တကျမြှုပ်နှံခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here