အွန်လိုင်းဈေးရောင်းသူများ၏ မှတ်ပုံတင်အချက်အလက် မှန်ကန်ခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးမည်

0
252

အွန်လိုင်းမှတဆင့် ဈေးရောင်းချသူများအနေဖြင့် ၎င်းတို့၏ မှတ်ပုံတင်ဆောင်ရွက်ထားသည့် အချက်အလက်များမှန်ကန်ခြင်းရှိ/မရှိကို မြေပြင်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင်ပြုလုပ်သည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ မှတ်ပုံတင်ထားသူတွေရဲ့ အချက်အလက်တွေ မှန်မမှန် တကယ်ဆောင်ရွက်ထားခြင်း ရှိမရှိကို စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ မြေပြင်ကွင်းဆင်းပြီးတော့ စစ်ဆေးသွားမယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

အွန်လိုင်းမှတဆင့် ဈေးရောင်းချသူများအနေဖြင့် Online Registration ပြုလုပ်ပါက မိမိ လုပ်ငန်း အမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ လိုအပ်ကြောင်း သိရသည်။

အကယ်၍ မှတ်ပုံတင်ခြင်း မရှိဘဲ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်မှစတင်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here