မော်လမြိုင်မြို့ရှိ ရွှေမန်းဘုန်းကြီးကျောင်းတွင် ယနေ့နံနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွား

0
243

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ ရွှေမန်းဘုန်းကြီးကျောင်းတွင် ယနေ့ အောက်တိုဘာ (၃)ရက် နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မော်လမြိုင်မြို့၊ ကျိုက်သလ္လံကုန်းတက် မဟာမြတ်မုနိ ဘုရားဘေး၊ ရွှေမန်းဘုန်းကြီး ကျောင်းအတွင်းရှိ ပစ္စည်းစတိုခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကို မော်လမြိုင်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊မီးသတ်ရေသယ်ယာဉ် (၂)စီး၊မော်လမြိုင် နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး ၊ ရွှေမြိုင်သီရိ နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊မြိုင်သာယာစခန်းမှ မီး ငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ ရာမည လူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁၂) နာရီ (၅၅) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သွားရောက်ငြှိမ်းသတ်ပေးသည့် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here