ထိုင်းနှင့်တရုတ်တို့ သံတမန်ဆက်ဆံရေးမြှင့်တင်၊တရုတ်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပြု

0
265

ဘန်ကောက်၊အောက်တိုဘာ ၂

သံတမန်ဆက်ဆံရေး ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်နှင့်ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မကြာသေးမီကပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်ခဲ့ပြီး ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်နှင့် ခရီးသွားလာရေးအတွက် အရေးပါသောပံ့ပိုးကူညီမှုများကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၏အဓိကရင်းမြစ်လည်းဖြစ်သည်။

ဝန်ကြီးချုပ်ဆရီသာ သာဗီဆင်ဦးဆောင်သော ထိုင်းအစိုးရသစ်သည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရန် စိတ်အားထက်သန်နေကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများသည် ဝန်ကြီးချုပ်ဆရီသာအနေဖြင့် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်ရန်လည်းပြင်ဆင်နေကြောင်းသိရသည်။

ယင်းနောက် တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ထိုင်းအစိုးရက ကြေငြာခဲ့ပြီး တရုတ်ခရီးသွားများအတွက် ပိုမိုကောင်းမွန်လုံခြုံသောဝန်ဆောင်မှုများကိုပြုလုပ်မည်ဖြစ်ကာ အဆိုပါလုပ်ဆောင်ချက်အား တရုတ်နိုင်ငံကလည်းကြိုဆိုခဲ့သည်။

ထို့ပြင်တရုတ်သည် သမ္မတရှီ၏ ၂၀၂၂ ခုနှစ် သမိုင်းဝင်ခရီးစဉ်ရလဒ်များကိုအကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံနှင့်လက်တွဲလုပ်ဆောင်ဖို့ စိတ်အားထက်သန်ကြောင်းလည်းထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်နိုင်ငံကြား နက်ရှိုင်းသောဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊သဘာဝပတ်ဝန်းကျင်မထိခိုက်နိုင်သည့်စီးပွားရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုတို့ကိုအာရုံစိုက်ရန်ပါထည့်သွင်းပြောကြားခဲ့သည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here