မရမ်းကုန်း ဘုရင့်နောင်စျေးရှေ့တွင် ရပ်ထားသည့် ကွန်တိန်ကို ဒိုင်နာယာဥ်က အနောက်မှ ဝင်တိုက် ကျား (၁) ဦး ဒဏ်ရာရ

0
247

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အမှတ် (၁)ရပ်ကွက်၊ ဘုရင့်နောင်ဈေးရှေ့တွင် ရပ်ထားသည့် ကွန်တိန်နာယာဥ်အား ဒိုင်နာကားက အနောက်မှ ဝင်တိုက်မှူ ဖြစ်ပွားခဲ့ကြောင်း မရမ်းကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ (၃)ရက် နံနက်အစောပိုင်း (၁၂) နာရီ (၁၀) မိနစ်က မရမ်းကုန်းမြို့နယ် ဘုရင့်နောင် စျေးရှေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျား (၁) ဦး ညပ်နေသည့်အတွက် မရမ်းကုန်းမြို့နယ်မီးသတ်မှ 191 ယာဥ်ထွက်ခွာ ကူညီခဲ့ခြင်းဖြစ်သည်။

ထိုသို့သွားရောက် ကူညီကယ်ဆယ်ခဲ့ရာ နံနက် (၁၂)နာရီ (၃၄) မိနစ်အချိန်တွင် ယာဉ်ခေါင်းခန်းအတွင်း ညပ်နေသည့်လူနာအား ကယ်ထုတ်နိုင်ခဲ့ပြီး လူနာအား မြတ်ကုသိုလ် ပရဟိတအသင်း Ambulance ယာဥ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီး၊ ချောင်းဝမှတ်တိုင်အနီးတွင်လည်း အောက်တိုဘာ (၂) ရက် ည (၁၁) နာ ရီ (၅၀) မိနစ်ခန့်က ဒိုင်နာယာဥ်မှ လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူ (၃) ဦးအား မာဃရိပ်ငြိမ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ Ambulance ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here