NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရာ၌ ကော်မတီအလိုက် ဘဏ္ဍာငွေသုံးစွဲမှုခြိုးခြံချွေတာရန် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှာကြား

0
174

လာမည့် အောက်ဆိုဘာ (၁၅) ရက်တွင် နေပြည်တော်၌ ကျင်းပရန် ရှိနေသည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းရာတွင် ကော်မတီအလိုက် ဘဏ္ဍာငွေသုံးစွဲမှုခြိုးခြံချွေတာရန် NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နစက အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား လုပ်ငန်းကော်မတီအလိုက် မိမိတို့တာဝန်ယူရမည့် လုပ်ငန်းများလစ်ဟာမှုမရှိစေရေး စနစ်တကျစိစစ်ကြပ်မတ်၍ လုပ်ငန်းများအောင်မြင် ပြီးမြောက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လည်း ပြည်ထောင်စု ဝန်ကြီးက မှာကြားသည်။

ထို့ပြင် ကော်မတီအလိုက် ဘဏ္ဍာငွေသုံးစွဲမှုကိုခြိုးခြံချွေတာဆောင်ရွက်ရန်လည်း ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က မှာကြားခဲ့သည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝဏ္ဏအောင်က အခမ်းအနား ကျင်းပရန်ဆောင်ရွက်ထားရှိမှုနှင့်တက်ရောက် လာကြသည့် ဝန်ကြီးဌာနများမှ ဒု-ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များက လုပ်ငန်းကော်မတီအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here