ရေထွက်ကုန်များကို GACC လမ်းကြောင်းမှတဆင့် တရုတ်သို့ တရားဝင်တင်ပို့မည်

0
343

မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝ ရေထွက်ကုန်များသာမက မွေးမြူရေးရေထွက်ကုန်များကိုပါ တရုတ်နိုင်ငံသို့ တ ရားဝင် GACC နည်းလမ်းဖြင့် တင်ပို့ရန် သဘောတူ လက်မှ တ်ရေးထိုးနိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံသို့ ရေထွက်ကုန်များ GACC လမ်းကြောင်းမှ တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ် – မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

” တရုတ်နိုင်ငံကို တင်ပို့မယ်ဆိုရင် သူတို့နိုင်ငံရဲ့ လိုအပ်ချက် စံချိန်စံညွှန်းနဲ့အညီ စဉ်ဆက်မပြတ် ပို့နိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။

လက်ရှိဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု တန်ချိန် ၁၇၅၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၂၇၆ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် အ ချက်အလက်များအရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here