ပြည်ပမှ တင်သွင်းမည့် သွင်းကုန်အတွက် ‌ဦးစားပေးကဏ္ဍသုံးခုသတ်မှတ်ထား

0
452

ပြည်ပနိုင်ငံများမှ တင်သွင်းမည့် သွင်းကုန်ပစ္စည်းများအန က် ဦးစားပေးကဏ္ဍသုံးခုသတ်မှတ်ထားကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနမှ သိရသည်။

ယင်းကဲ့သို့ ဦးစားပေးတင်သွင်းခွင့်ပြုမည့် သွင်းကုန်ပစ္စည်းအမည် လျာထားစာရင်းများတွင် ဦးစားပေး (၁) တွင် ဆေး၊ ဆေးအထောက်အကူပြုပစ္စည်း၊ ဓာ‌တ်မြေဩဇာ၊ ပိုးသတ် ဆေး၊ မျိုးစေ့၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ စားသုံးဆီ၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်း၊ တိရိစ္ဆာန်သုံးဆေးဝါး၊ စက်မှုကုန်ကြမ်း၊ ပလက်စတစ်ကော်စေ့၊ စားသောက်ကုန်ကြမ်းများပါဝင်ကြောင်း သိရသည်။

ထို့အပြင် ပလက်စတစ်ကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်း၊ PACKING MATERIALS ၊ စက်ဆီ၊ ချောဆီနှင့် အခြားစက်မှုသုံးဆီများ၊ ကတ္တရာ၊ LPG Gas ပါဝင်ပြီး ယင်းသွင်းကုန်ပစ္စည်းများအတွက် နိုင်ငံခြားငွေဝယ်ယူခွင့် ပြုထားကြောင်းလည်း သိရသည်။

ဦးစားပေး (၂)တွင် သံနှင့်သံမဏိပစ္စည်းများ၊ PAPER & STATIONARY ၊ လျှပ်စစ်ဓာတ်အားထုတ်၊ လွှတ်၊ ဖြန့် ပစ္စည်းများ၊ Construction Materials ၊ Machine & Spare Parts ၊တာယာနှင့် ရာဘာထုတ်ကုန်ပစ္စည်းများ၊ အပိုပစ္စည်းများ (ယာဉ် ၊ စက်၊ ဆက်သွယ်ရေးပစ္စည်းများ ပါဝင်ပြီး ဦးစားပေး( ၃ )တွင် Electronic Goods ၊ Electrical Goods၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်၊ ယန္တရား တို့ပါဝင်ကြောင်း သိရသည်။

ပြည်ပမှသွင်းကုန်တင်သွင်းမှုတွင် ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ (၁) ရက်မှ စက်တင်ဘာ (၂၂) ရက်အထိ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလီယံတန်ဖိုးရှိ ပစ္စည်းများတင်သွင်းထား‌ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here