မြန်မာအတွက် ပထမဆုံးဆုတံဆိပ် ရယူပေးတော့မည့် မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်း

0
294

မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်းသည် ဖိုင်နယ်အဆင့်သို့တက်ရောက်သွားပြီး မြန်မာအတွက် ပထမဆုံးဆုတံဆိပ်ရယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် ယနေ့ အောက်တိုဘာ (၃) ရက်တွင် ဆီမီးဖိုင်နယ်အဆင့်၌ ဂျပန်ကို အနိုင်ရရှိပြီး ဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

ပထမပွဲစဉ်တွင် ၂၁ မှတ် ၉ မှတ်ဖြင့် မြန်မာအနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင် ၂၁ မှတ် ၁၈ မှတ်ဖြင့် ဂျပန်က အနိုင်ရရှိခဲ့သည့်အတွက် တတိယပွဲစဉ် ဆက်လက်ကစားရာ မြန်မာအသင်းက ၂၁ မှတ် ၁၅ မှတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဗိုလ်လုပွဲကို မနက်ဖြန်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့ကြောင့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်ကို အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းမှ ရရှိတော့မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here