ဘဏ္ဍာနှစ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကျပ် ၁၆၀ ဘီလီယံကျော် အသုံးပြုသွားမည်

0
320

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကျပ် ၁၆၀ ဘီလီယံကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဌာနမှ ထုတ်ပြန်သည့် အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ အရသိရသည်။

အဆိုပါ အသုံးစရိတ်တွင် ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဋ္ဌေးနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ကျပ် (၁၆၂ ဒသမ ၇၇၃) ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရေအားလျှပ်စစ်စီမံကိန်းအသစ်များ စူးစမ်းလေ့လာခြင်းအတွက် ကျပ် ၁ ဒသမ ၄၄၉ ဘီလီယံနှင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း အသုံးစရိတ် ကျပ် ၂၃၀ ဒသ မ ၃၆၄ ဘီလျံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ‌ဆောင်ရွက်ခြင်း အသုံးစရိတ် ကျပ် ၁၂၇ ဒသမ ၃၅၀ ဘီလျံအထိ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တည်ဆောက်ပြီး ရေလှောင်တမံများ၊ ရေအားလျှပ်စစ်စက်ရုံများနှင့် ဆက်စပ်ရေအားလျှပ်စစ်အဆောက်အအုံများပြုပြင်ခြင်းအတွက် ကျပ် ၂ ဒသမ ၇၄၇ ဘီလီယံ၊ ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများအတွက် လိုအပ်သည့် ပံ့ပိုးပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအတွက် ကျပ် ၂ ဒသမ ၉၆၄ ဘီလီယံ သုံးစွဲရန် လျာထား‌ကြောင်းလည်း သိရသည် ။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ၏လျှပ်စစ်ကဏ္ဍအတွက် ကျပ်ဘီလျံ ၃,၃၈၀ ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို မြင်တွေ့ရစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here