ရေးမြို့နယ်တွင် ဦးခေါင်းနောက်စေ့ ဒဏ်ရာဖြင့်သေ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အ-လောင်းတွေ့ရှိ

0
281

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စုတွင် ယနေ့ အောက်တိုဘာ (၃) ရက် နံနက် (၈) နာရီခန့်က ဦးခေါင်းနောက်စေ့ဒဏ်ရာဖြင့် သေ-ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အ-လောင်းအား တွေ့ရှိခဲ့ရကြောင်း အောင်မင်္ဂလာနာရေးနှင့် လူမှုကူညီရေးအသင်းမှ သိရသည်။

“နာမည်၊အသက်၊နေရပ်လိပ်စာ ဘာတစ်ခုမှ မသိရသေးဘူး။ ရော်ဘာခြံထဲမှာ သေ-ဆုံးနေတာ၊ လတ်တလောကတော့ပိုင်ရှင်မဲ့ပေါ့။ နောက်စေ့ဒဏ်ရာနဲ့ သေ-ဆုံးသွားတာလို့ တာဝန်ရှိတဲ့လူတွေ လာစစ်တဲ့အချိန်မှာပြောသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

တွေ့ရှိခဲ့ရသည့် သေ-ဆုံးနေသူ၏ ရုပ်အ-လောင်းအား အောင်မင်္ဂလာနာရေးနှင့် လူမှုကူညီရေးအသင်းမှ ရေးမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here