လာမည့် ၂၀၂၄ ခုနှစ်တွင် အခြေခံစားသောက်ကုန် လက်ကားရောင်းမည့် ဈေးရုံသစ် နှစ်ခုထပ်မံဖွင့်လှစ်မည်

0
743

တညင်းကုန်းလက်ကားဈေးသစ်ကြီးအတွင်း လာမည့် ၂၀၂၄ ခုနှစ်တွင် အခြေခံစားသောက်ကုန်များ ရောင်းချမည့် လက်ကားဈေးရုံသစ်နှစ်ခုကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း(စ်) အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် – MAEX မှ သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ ဆား ၊ ငရုတ်၊ ကြက်သွန် ၊ အာလူး စားသောက်ကုန်များ လက်ကားရောင်းချနိုင်မည့် ဈေးရုံ- အမှတ်(၅) နှင့် ဈေးရုံ အမှတ်(၇) တို့ကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ပါဝင်ကြောင်း တညင်းကုန်းလက်ကားဈေးကြီး၊ လုပ်ငန်းရေးရာဌာနမှ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပြောသည်။

တညင်းကုန်း အဆင့်မြင့်လက်ကားဈေးကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ ဈေးရုံတစ်ခုချင်းစီအလိုက် ဖွင့်လှစ်နေပြီး ဈေးသစ်တစ်ခုလုံး တည်ဆောက်မှု ၂၀၂၇ တွင် ပြီးစီးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ထို့ပြင် ဖွင့်လှစ်ထားပြီးဖြစ်သည့် တညင်းကုန်းလက်ကားဈေးကြီးအတွင်း တောင်သူများ ကုန်စိမ်းလက်လီရောင်းသည့် ဈေးရုံအမှတ် (၂)တွင် ဆိုင်ခန်းပေါင်း ၃,၃၆၀ ခန်း၊ ကုန်မျိုးစုံနှင့် ကုန်ခြောက်များ ရောင်းချသည့် ဈေးရုံ (၃) တွင် ဆိုင်ခန်းပေါင်း ၁,၁၂၀၊ ရာသီပေါ်သီးနှံနှင့် သားငါးပစ္စည်းများ ရောင်းချသည့် ဈေးရုံ (၄)တွင် ဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here