ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထိုင်းအစိုးရဖိတ်ကြား

0
273

ဘန်ကောက်၊အောက်တိုဘာ ၂

ထိုင်းနိုင်ငံသည် လာမည့် နိုဝင်ဘာ ၃၀ ရက်တွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားဖိတ်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါ BIMSTEC အဖွဲ့သည် ၁၉၉၇ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ဒေသတွင်းကုန်သွယ်ရေး၊နည်းပညာ၊စွမ်းအင်၊သယ်ယူပို့ဆောင်ရေး၊ခရီးသွားလုပ်ငန်း၊ငါးလုပ်ငန်း၊လုံခြုံရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကဏ္ဍများ၌ ပိုမိုကောင်းမွန်ရန်ရည်ရွယ်ကာ တည်ထောင်ထားသောအဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ယခုနှစ်အတွက် BIMSTEC ထိပ်သီးအစည်းအဝေးအား ထိုင်းနိုင်ငံဘက်က ဥက္ကဌအဖြစ်တာဝန်ယူကျင်းပခြင်း‌ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှာ ဘင်္ဂလားဒေရှ့်၊ဘူတန်၊အိန္ဒိယ၊‌နီပေါ၊သီရိလင်္ကာ၊မြန်မာနှင့်ထိုင်းနိုင်ငံများဖြစ်ကြောင်းသိရသည်။

ထိုင်းအစိုးရနှင့်နီးစပ်သောသတင်းများအရ နိုင်ငံတော် အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့်တကွ ကျန် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များကိုပါဖိတ်ကြားထားသည်ဟုလည်းဆိုသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီလည်း ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အတည်ပြုထားပြီးဖြစ်ကာ ယခုတစ်ကြိမ်ထိပ်သီးအစည်းအဝေး၌ Digital payment စနစ်၊ကုန်သွယ်ရေးငွေကြေးပေးချေမှု၊ဆိုက်ဘာလုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအကြောင်းကိုအဓိကထားဆွေးနွေးသွားနိုင်ကြောင်းလည်းသိရသည်။

Source : Thai PBS World

ပုံစာ-မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အစည်းအဝေး အောင်မြင်မူအတွက်ဂုဏ်ပြုညစာစားပွဲကျင်းပခဲ့သည့်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here