ခုန်-ချ၍သေ-ကြောင်းကြံစည်မှုအများဆုံးဖြစ်နေသည့် ငမိုးရိပ်တံတား ယနေ့တွင်လည်း အမျိုးသားတစ်ဦးခုန်-ချသွားခဲ့

0
335

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်တံတားပေါ်မှ အောက်တိုဘာ ၃ ရက်(ယနေ့)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က အမျိုးသားတစ်ဦးခုန်-ချသွားခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

“ပထမသတင်းကြားတာက အမျိုးသမီးတစ်ယောက်ခုန်ချသွားတာလို့ကြားရတာ မြေပြင်ရောက်လို့သေချာစုံစမ်းကြည့်တော့မှ အသက် (၄၀)လောက်ရှိတဲ့ အမျိုးသားတစ်ယောက်ခုန်-ချသွားတာလို့သိရတာ အကျီအဖြူ၊ပုဆိုးအကွက်နဲ့ဘေးလွယ်အိတ်လွယ်ထားတယ်လို့ အကြမ်းဖျဥ်းသိထားရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ငမိုးရိပ်တံတားပေါ်မှခုန်-ချသွားခဲ့သည့် အမျိုးသားအား ရှာဖွေတွေ့ရှိနိုင်ရန် တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ဆောင်ရွက်လျက်ရှိကာ ခုန်-ချသွားခဲ့သည့်အမျိုးသား၏ မိသားစုဝင်များအား ဆက်သွယ်နိုင်ရန်စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ငမိုးရိပ်တံတားပေါ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အကျီအဖြူ၊ဘောင်းဘီအမည်းရောင်ဝတ်ဆင်ထားသည့် အသက်(၁၇)နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးခုန်-ချသွားခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here