ဒဂုံမြောက်ပိုင်း၌ YBS 112 နှင့်အိမ်စီးကားတိုက် အိမ်စီးကားမောင်းသူသေဆုံး ၆ ဦးဒဏ်ရာရ

0
675

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဝတ လမ်းဆုံအနီးတွင် အောက်တိုဘာ ၄ ရက်နံနက် ၂ နာရီခန့်က YBS 112 နှင့်အိမ်စီးကားတိုက်မိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။

“အဲဒီအချိန်ကလမ်းရှင်းနေတော့ နှစ်စီးလုံးကအရှိန်များတဲ့အနေအထားမှာရှိတယ် အိမ်စီးကားမောင်းလာတဲ့ကောင်လေးကတော့ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားတယ် ကားလည်းပျက်စီးသွားတယ် YBS လည်းပျက်စီးတာတွေရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အိမ်စီးကားမောင်းသူသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)ရရှိသူ ၆ ဦးရှိခဲ့သဖြင့် ရှင်သန်ရေးကူညီမှုအသင်းနှင့်မိတ်ဖက်အသင်းများက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရှင်သန်ရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here