သီပေါမြို့နယ် မန္တလေး-လားရှိုးသွားကားလမ်း၌ ကားတစ်စီးတိမ်းမှောက် ၁ ဦးဒဏ်ရာရ

0
149

ရှမ်းပြည်နယ်၊သီပေါမြို့နယ်ရှိ မန္တလေး-လားရှိုးသွားကားလမ်းတွင် အောက်တိုဘာ ၃ ရက်ညပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယမန်နေ့ည ၈ နာရီ ၁၅ မိနစ်ကျော်ခန့်က သီပေါမြို့နယ်၊ပန်စောက်မိန်းကျေးရွာအုပ်စု၊ဆွတ်လန်းကျေးရွာရှိ မန္တလေး-လားရှိုးသွားကားလမ်း၏ မိုင်တိုင်အမှတ်(၁၃၄/၇)နှင့်(၁၃၄/၆)ကြားတွင် ကားတစ်စီးတိမ်းမှောက်ခဲ့၍ ကားခေါင်းခန်းအတွင်း၌ အမျိုးသားတစ်ဦးညပ်နေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သီပေါမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်ခဲ့ကြသဖြင့် ညပ်နေသည့်အမျိုးသားအား ည ၈ နာရီ ၄၅ မိနစ် ၌ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် နယ်စည်းမခြားပရဟိတအသင်းမှ သီပေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here