Siam Paragon ပစ်ခတ်မှုကြောင့် သေ-ဆုံးသူများထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးပါဝင်နေ

0
515
People leave Siam Paragon shopping centre in Bangkok on October 3, 2023, following a shooting incident in the mall. - Thai Prime Minister Srettha Thavisin said there had been a shooting on Oct 3 at the shopping mall in downtown Bangkok, with hundreds of people seen fleeing the scene. (Photo by Lillian SUWANRUMPHA / AFP)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာတွင် အောက်တိုဘာ (၃) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် သေ-ဆုံးသူများထဲ မြန်မာရွှေ့ပြောင်း အမျိုးသမီး လုပ်သားတစ်ဦး ပါဝင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ဘန်ကောက်မြို့ Siam Paragon Shopping Mall အတွင်း ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူ (၄) ဦး သေ-ဆုံးပြီး (၅) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ သေ-ဆုံးသည့်ထဲ ပါဝင်သူ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးမှာ မမိုးမြင့်ဖြစ်ကြောင်း ထိုင်းသတ င်းများအရ သိရသည်။

မမိုးမြင့်အား ဆေးရုံတွင် (၁) နာရီခန့်ကြာအောင် ကုသပေးသော်လည်း သေ-ဆုံးခဲ့ရကြောင်း ထိုင်းသတင်းများအရ သိရသည်။

အဆို ပစ်ခတ်မှု ဖြစ်စဥ်နှင့် ပတ်သက်၍ အသက် (၁၄) နှစ်အရွယ် လူငယ် တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ပစ်ခတ်ခံရမှူကြောင့် သေ-ဆုံးသူများ၏ ဈာပနအတွက် ဘုရင့်တော်ဝင်နန်းတော်မှ တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

သေ-နတ်ဖြင့် ပစ်ခတ်မှူ ဖြစ်စဥ်များသည် ထိုင်းနိုင်ငံတွင် အဖြစ်များသော ဖြစ်ရပ် တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း ရဲအရာရှိဟောင်းတစ်ဦး၏ ကျောင်းအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ် (၂၂) ဦး သေ-ဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Photo – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here