တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးအား ဓ-ားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား

0
245

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မလိပါကော်ကျေးရွာထိပ်တွင် အောက်တိုဘာ (၃) ရက်နေ့လယ်ပိုင်းက ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးအား ဓ-ားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်ရာ ပြန်လည်၍ လုံးထွေးသ-တ်ပုတ်ခဲ့သဖြင့် ဆိုင်ကယ်ပါသွားခြင်းမရှိကြောင်း ရွှေမယ်ယန်း ပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့နေ့လယ် (၁) နာရီခန့်က ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးသည် အာခါဈေးဂိတ်၌ ခရီးသည်စောင့်ဆိုင်းနေစဉ်အမျိုးသားတစ်ဦး ရောက်ရှိလာကာ မိုင်းကိုးမလိပါကော်ကျေးရွာသို့ ပို့ဆောင်ပေးရန်ငှားရမ်းသဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ လိုက်လံပို့ဆောင်စဉ် အခင်းဖြစ်နေရာအရောက်၌ ဆိုင်ကယ်ငှားရမ်းသူက အနောက်မှ ဓ-ားဖြင့်ထိုးကာ ဆိုင်ကယ်အား လုယူရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ဆိုင်ကယ်ကယ်ရီမောင်းတဲ့လူက သတိနဲ့မောင်းလာတုန်း မလိပါကော်ရွာထိပ်က တံတားအသစ်နားလယ်ကွင်းတွေနားမှာ ဆိုင်ကယ်ငှားစီးတဲ့လူက ဓ-ားထုတ်လိုက်တာကိုတွေ့ပြီး ဘာလုပ်တာလဲလို့ မေးတဲ့အချိန် နောက်ကျောကိုဓ-ားနဲ့ထိုးလိုက်တဲ့အတွက် ဆိုင်ကယ်ကို လှဲချပြီး လုံးထွေးသတ်ပုတ်ခဲ့တယ်။ အဲဒီမှာထပ်ပြီး လည်-ပင်-းပြတ်-ရှဒဏ်ရာထပ်ရသွားတယ်။ ဆိုင်ကယ်လုယက်တဲ့ လူက လယ်ကွင်းထဲကို ဆင်းပြေးသွားတယ်လို့ပြောတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဓ-ားဖြင့်ထိုးခံရမှုကြောင့် ဆိုင်ကယ်ကယ်ရီမောင်းသူတွင် နောက်ကျောထိုး-သွင်းဒဏ်ရာနှင့် လည်ပင်းပြတ်-ရှ-ဒဏ်ရာတို့ရရှိခဲ့သဖြင့် မယ်ယန်းကျန်းမာရေးဆေးခန်းတွင် ကုသမှုခံယူလျက်ရှိရာမှ စိုးရိမ်ရသဖြင့် ရွှေမယ်ယန်း ပရဟိတလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓ-ားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်ရန်ကြံစည်သူအား လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရွှေတာချီလူမှုကူညီရေးအဖွဲ့ဝင်များ၊ မိုင်းကိုးပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ရွှေမယ်ယန်းပရဟိတအဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် ရှာဖွေလျက်ရှိကြောင်း သိရသည်။

Photo-ရွှေမယ်ယန်းအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here