ထုတ်ယူရန်ကျန်ရှိနေသည့် ထီဆုမဲ ၇၅၀၀ ကျော်ကို ယခုလကုန်အထိ လာရောက်ထုတ်ယူခြင်း မရှိပါက အခွန်ဘဏ္ဍာအဖြစ်သိမ်းယူမည်

0
176

၄၄ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ ထုတ်ယူရန်ကျန်ရှိနေသေးသည့် ထီဆုမဲပေါင်း ၇၅၀၀ ကျော်ကို ယခုလအတွင်း လာရောက်ထုတ်ယူခြင်း မရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ဆုမဲများထဲတွင် ကျပ်သိန်း ၅၀၀ တစ်ဆု ၊ ကျပ်သိန်း ၂၀၀ နှစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆု အပါအဝင် ဆုမဲ ၇၅၀၀ ကျော်ထုတ်ယူရန် ကျန်ရှိနေခြင်းဖြစ်ပြီး ယခုအောက်တိုဘာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၄၄) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ၌ ဆုမဲပေါင်း ခြောက်သောင်းကျော် ခွဲဝေချီးမြှင့်ခဲ့ရာမှ ဆုမဲ ၇၅၀၀ ကျော်ကို ယနေ့အထိ ထုတ်ယူခြင်းမရှိသေးကြောင်း သိရသည်။

ယင်းလာရောက် မထုတ်ယူရသေးသည့် ဆုရလက်မှတ်တွေကို လာမည့် အောက်တိုဘာ (၃၁) ရက်အထိ ရန်ကုန်နှင့် မန္တလေးတွင်ရှိသည့် အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင် တင်ပြပြီး ဆုငွေများကို တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here