ကမာရွတ် လှည်းတန်းတံတားပေါ်၌ အိမ်စီးကား (၂) စီးတိုက် (၂) ဦးဒဏ်ရာရ

0
196

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းတံတားပေါ်တွင် အောက်တိုဘာ (၃) ရက် ည (၈) နာရီခန့်က အိမ်စီးကား (၂) စီးတိုက်မိခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

” Hiace ကားနဲ့ အိမ်စီးကားလေးတစ်စီး ခေါင်းချင်းဆိုင်တိုက်မိတာ။ ကားလေးက တိုက်မိတဲ့ အရှိန်နဲ့ တံတားလက်ရမ်းကိုပါ ထပ်တိုက်မိသွားတာပေါ့။ ပျက်စီးမှုကတော့ (၂) စီးလုံးပဲ။ ဒဏ်ရာရတဲ့လူက (၂) ယောက်ရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးတွင် ညာခြေကျင်းဝတ် ဖူးရောင်/ညာဒူးပြဲ၊ ဆီးခုံအောင့်နှင့် အမျိုးသားတစ်ဦးတွင် ခြေထောက်(၂)ချောင်းလုံးကျိုး၊ ခေါင်းကွဲ၊ ဒူးနှစ်ဖက်ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအား စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရဲသူရိန်


LEAVE A REPLY

Please enter your comment!
Please enter your name here