မီတာ ၂၀၀ နဂါးလှေပြိုင်ပွဲတွင် မြန်မာအသင်းများဗိုလ်လုပွဲသို့တက်ရောက်ခဲ့သော်လည်းဆုတံဆိပ်များနှင့် လွဲချော်ခဲ့

0
206

တရုတ်နိုင်ငံတွင် ကျင်းပနေသော (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲ မီတာ (၂၀၀) ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်မှုအပြီးတွင် မြန်မာအသင်းများ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သော်လည်းဆုတံဆိပ်များနှင့် လွဲချော်ခဲ့ကြောင်း သိရသည်။

ယနေ့အောက်တိုဘာ ၄ ရက်တွင် ယှဉ်ပြိုင်သည့် အမျိုးသားမီတာ (၂၀၀) ပထမအဆင့်တွင် မြန်မာအသင်းက ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

ဆီမီးဖိုင်နယ်တွင်လည်း ထိပ်ဆုံးမှပန်းဝင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် စံချိန် (၅၀.၄၆၁)စက္ကန့်ဖြင့် စတုတ္ထသာရရှိခဲ့သောကြောင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

အမျိုးသား မီတာ ၂၀၀ နဂါးလှေပြိုင်ပွဲဖိုင်နယ်တွင်် ရွှေတံဆိပ်ကို အိမ်ရှင်တရုတ်၊ ငွေတံဆိပ်ကို ထိုင်းနှင့် ကြေးတံဆိပ်ကို အင်ဒိုနီးရှားက ရရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးနဂါးလှေပြိုင်ပွဲမီတာ (၂၀၀) ပထမအဆင့်တွင် မြန်မာက ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ပထမနေရာမှ ဦးစွာပန်းဝင်ခဲ့သည်။

ဗိုလ်လုပွဲတွင် စံချိန် (၅၆.၂၀၇)စက္ကန့်ဖြင့် စတုတ္ထရာမှ ပန်းဝင်ခဲ့သောကြောင့် ဆုရရှိခဲ့ခြင်းမရှိပဲ ပထမရွှေတံဆိပ်ကို အိမ်ရှင်တရုတ်၊ ဒုတိယငွေတံဆိပ်ကို အင်ဒိုနီးရှားနှင့် တတိယကြေးတံဆိပ်ကို ထိုင်းက ရရှိခဲ့သည်။

ယနေ့ မီတာ (၂၀၀) နဂါးလှေပြိုင်ပွဲ၌ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ ဦးဆောင်နိုင်ခဲ့သော်လည်း ဆုတံဆိပ်များကိုလက်လွှတ်ခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here