တာချီလိတ်တွင် ကားဂိတ်နှင့် နေအိမ်အတွင်းမှ ငွေကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းမိ

0
270

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ကားဂိတ်နှင့်နေအိမ်အတွင်းမှ ငွေကျပ် ၄၁၃၂ ဒသမ ၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များအားဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ (၁) ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် ရဲမင်းလတ် (၃၂)နှစ်လာရောက်ပို့ဆောင်သည့် ပါဆယ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) ၁ ဒသမ ၅၈ ကီလိုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် နေ့လယ် (၁) နာရီတွင် ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြတ်လေးလမ်းရှိနေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water) ၂ ဒသမ ၁၇၇ ကီလိုအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် ငွေကျပ် ၄၁၃၂ ဒသမ ၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များနှင့်အတူ ဖမ်းဆီးရမိသူအား တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here