ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပပဲတင်ပို့မှု မြင့်တက်လာ

0
176

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွ င်း ပြည်ပပဲတင်ပို့မှု မြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

ဧပြီ (၁) ရက်မှ စက်တင်ဘာ (၂၂) ရက်ထိ ကာလအတွင်း ပြည်ပသို့ ပဲတန်ချိန် ရှစ်သိန်းနှစ်သောင်းကျော် တင်ပို့ထားပြီး ကန်ဒေါ်လာ ၆၈၂ သန်းကျော် နိုင်ငံခြားဝင်ငွေရရှိထားကြောင်း သိရသည်။

ယင်းကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံကို ပင်လယ်ရေကြောင်းမှ တန်ချိန် ခုနှစ်သိန်းကျော်နှင့် အများဆုံးတင်ပို့ခဲ့ပြီး နယ်စပ်မှတင်ပို့မှုအနေဖြင့် တန်ချိန် တစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ကြောင်းလည်း စီးပွားကူးသန်း၏ အချက်အလက်များအရ သိရသည်။

ကာလတူဘဏ္ဍာနှစ်တွင် ပဲတန်ချိန် ၇၈၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၆၁၄ သန်းကျော်ရရှိခဲ့ကာ ယခုနှစ်တွင် ပဲတင်ပို့မှုတိုးတက်လာပြီး ကန်ဒေါ်လာ ၆၆ သန်းကျော် ဝင်ငွေပိုရရှိထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနှင့် အိန္ဒိယကြား ၂၀၂၁ ခုနှစ် ဇွန်လ (၁၈) ရက်တွင် ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာအရ အိန္ဒိယသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ထိ ငါးနှစ်ဆက်တိုက် မြန်မာ့မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစဉ်းငုံတန်ချိန် တစ်သိန်းတို့ကို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here