မှော်ဘီမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ်တို့မှ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
339

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ်တို့မှ ငွေကျပ် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ယမန်နေ့က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ (အောက်တိုဘာလ ၃ ရက်) နံနက် ၁၁ နာရီ ၅၀ အချိန်ခန့်တွင် သတင်းအရ မှော်ဘီမြို့နယ်၊ (၄)ရပ်ကွက်၊ အမှတ်(၄)လမ်းတွင် ပိုင်စိုးဝေ (ခ) ကိုပိုင် မောင်းနှင်ပြီး စိုးသူ(ခ)၀င်းကိုကို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၃ နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်၊ ရတနာလမ်းတွင် လမ်းလျှောက်လာသူ သန်းကျော် အားသတင်းအရ စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ပိုင်စိုးဝေ(ခ)ကိုပိုင်(၂၇)နှစ် နှင့် စိုးသူ(ခ)၀င်းကိုကို (၃၇)နှစ်တို့အား မှော်ဘီမြို့မရဲစခန်း၊ သန်းကျော်(၅၄)နှစ်အား တောင်ဥက္ကလာပမြို့မရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here