အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင် သင်္ဘော (၄၉) စင်း ဆိုက်ကပ်ကုန်သွယ်မည်

0
280

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင် သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၄၉) စင်း ဝင်ရောက်ဆိုက်ကပ်ကာ ကုန်သွယ်မှုပြုလုပ်ရန် လျာထားဆောင်ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

ယခုအခါ ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင် သင်္ဘောလိုင်း (၁၅) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၅၃) စင်းဆိုက်ကပ်၍ ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး စက်တင်ဘာလတွင် နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here